✅✅လုပ်ငန်းလိုအပ်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ကြောင့်
ပဲဖြစ်ဖြစ် Laptop တစ်လုံးကိုဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်စား
သင့်တာက Laptop မှာ အသုံးပြုထားတဲ့ CPU လို့ ခေါ်တဲ့ Processor အမျိုးအစားပါ။ အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်အောင် သင့်တော်တဲ့ အမျိုးအစားတွေကို အကြံပြုပေးထားပါတယ်.....😊
👉 ငွေကြေးအရသင့်တော်တဲ့ အမျိုးအစားကို ရွေးမလား???
👉 Performance ကောင်းပြီး အလယ်အလတ် အမျိုးအစားကို
ရွေးမလား???
👉 Game ဆော့ဖို့ နဲ့ Graphic ကောင်းကောင်းသုံးချင်လို့
ဝယ်မှာလား???
*****************
1️⃣Celeron & Pentium Processor
ပေါ့ပေါ့ပါးပါးသုံးစွဲမယ်..... Computer သင်တန်းဆင်းပြီး စတင်အသုံးပြုမဲ့သူဆိုရင်တော့ ဈေးနှုန်းအသက်သာဆုံး Celeron နဲ့
Pentium Processor အသုံးပြုထားတဲ့ Laptop ကို ရွေးချယ်သင့်ပါတယ်။ Office Application တွေဖြစ်တဲ့ Microsoft Word, Excel, Powerpoint များကို ကောင်းမွန်စွာအသုံးပြုနိုင်သလို Movie ကြည့်ခြင်း, Email &
Internet အသုံးပြုဖို့အတွက် အလွန်အဆင်ပြေလှပါတယ်။
ပုံမှန်ရုံးလုပ်ငန်းသုံး Application (Software) များအသုံးပြုခြင်းအတွက် အထူးအဆင်ပြေစေတဲ့အတွက် Buget နဲ့ အသုံးပြုရတဲ့ ရုံးများအတွက် အရင်ဆုံးစဉ်းစားသင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။
အဲဒီ Celeron နဲ့ Pentium Processor အမျိုးအစားထဲက မှ ထပ်မံနှိုင်းယှဉ်မည်ဆိုပါက Pentium Processor က Performance အပိုင်းတွင် ပိုမိုကောင်းပါတယ်။
Pentium CPU က Celeron ထက် Clock Speed 60%လောက် ပိုမိုမြန်ဆန်တာကြောင့် အလုပ်လုပ်ရာမှာ ပိုမိုသွက်လက်ပါတယ်။
Graphic အတွက် Memory ကို Share ယူအသုံးပြုခြင်းမျိုးတွင် ပိုမိုကောင်းမွန်စေတဲ့ အားသာချက်ရှိပါတယ်။
**********************
2️⃣Core i3 & Core i5 Processor
Budget လဲပိုမိုသုံးနိုင်မယ် ၊ Performance လဲကောင်းမွန်တဲ့ Laptop ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Core i3 (OR) Core i5 Processor ကိုအသုံးပြုထားတဲ့ Laptop ကိုရွေးချယ်သင့်ပါတယ်။
Dota 2 လို Gameလေး ဘာလေးဆော့မယ်၊
Photoshop တို့လို Editing Software တွေနဲ့ ပုံတွေပြင်မယ်၊
AutoCAD လို Engineering Software တွေကို လေ့လာမယ်၊
ှSoftware Programming ရေးမယ်၊
ဆိုရင်တော့ Core i3 Processor ပါဝင်တဲ့ Laptop အမျိုးအစားကမှ အသင့်တော်ဆုံးရွေးချယ်မှုပါ။
Graphic Design တွေကို အဆင့်မြင့် Software တွေအထိအသုံးပြုမယ်၊
Engineering Software တွေနဲ့ Project တွေကိုစီမံမယ် ၊
Graphic Memory အသုံးများတဲ့ Game အကြီးတွေကို ဆော့မယ် ၊
Video Editing နဲ့ သက်ဆိုင်တဲ့ Software တွေကိုအသုံးပြုမယ်ဆိုရင်တော့ Core i5 Processor အပြင် Graphic Card အနည်းဆုံး 2GB ပမာဏ ပါဝင်တဲ့ Laptop အမျိုးအစားကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Core i5 Processor ကို အသုံးပြုပြီဆိုရင်တော့ အသုံးပြုရတဲ့ Budget လဲမြင့်လာပြီမို့ မိမိနှစ်သက်ရာ Brand ကိုသေချာစွာရွေးချယ်သင့်ပါတယ်။
******************
3️⃣Core i7 Processor
Performance အမြင့်ဆုံး Processor အမျိုးအစားဖြစ်ပါတယ်။
3D Animation Software တွေနဲ့ 3D Movie တွေဖန်တီးမယ် ၊
Engineering Software တွေနဲ့ Project အကြီးတွေအထိ ဖန်တီးမယ် ၊
Video Editing အတွက် အသုံးပြုမယ် ၊
Photo တွေကို 3D အနေအထားအထိ ဖန်တီးမယ် ၊
Music နဲ့ ပတ်သက်တဲ့ Hard Core Software တွေကို အသုံးပြုမယ် ဆိုတဲ့သူတွေ အတွက်တော့ Core i7 Processor အသုံးပြုထားတဲ့ Laptop ကအရွေးချယ်သင့်ဆုံးပါ။
Core i7 အသုံးပြုထားတဲ့ Laptop မှန်ရင်လဲ Graphic က အနိမ့်ဆုံး 2GB ပါဝင်ပြီးသားမို့ မိမိအသုံးပြုနိုင်တဲ့ ငွေပမာဏ အပေါ်တွင်သာ Graphic ကို 2GB အနေအထားနဲ့ဘဲ အသုံးပြုမလား? (OR) 4GB အထိကို အသုံးပြုဖို့ လိုအပ်မလားဆိုတာကိုတော့ သေချာစဉ်းစားဖို့ လိုအပ်ပါမယ်။
Core i7 ကတော့ လက်ရှိ CPU ထဲမှာ Level အမြင့်ဆုံးဖြစ်ပြီး ဈေးနှုန်းအရရော Performance အရပါ အမြင့်မားဆုံး အမျိုးအစားဖြစ်ပါတယ်။
*********************
4️⃣Gaming Laptop
နောက်ဆုံးတစ်ခုအနေဖြင့် Gaming Laptop လို့ခေါ်တဲ့ High End Laptop တွေမှာကျတော့ အသုံးပြုတဲ့ CPU လဲ ပိုမို အဆင်မြင့်သွားသလို တခြားသော အစိတ်အပိုင်း အားလုံးကိုလဲ အဆင်မြင့်တင်ထားတာမို့ သီးသန့် Post တစ်ခု အနေဖြင့်သာ အလျင်းသင့်တဲ့အချိန်မှာ ထပ်မံတင်ဆက်သွားပါ့မယ်လို့ အသိပေးပါရစေ။
**********************
5️⃣Core M3 Processor
Processor အကြာင်းပြောပြီ ဆိုရင် အဆင်မြင့်နည်းပညာကို အသုံးပြုထားပြီး၊ MI Notebook တွေအထိပါထည့်သွင်းအသုံးပြုခြင်းခံရတဲ့ Core M3 Procesor ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်။
Power Consumption အထူးသက်သာပြီး ၊ Mobile Processor အဖြစ်နာမည်ကြီးနေတဲ့ M3 Processor အကြောင်းကိုလဲ အကြမ်းဖျင်းဖော်ပြထားပြီးမို့လို့ လိုအပ်လျှင် ပြန်လည်လေ့လာနိုင်စေရန် ...https://business.facebook.com/c4ecomputer/photos/a.614167125297495.1073741828.552185338162341/1117883498259186/?
type=3&theater
✅✅သူငယ်ချင်းများ အားလုံး မှန်ကန်သော ၊ မိမိနှင့် သင့်တော်သော
Laptop ကိုရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။👍👍
*************************
Credit@C4E Computer
0 comments:
Post a Comment