:::: MENU ::::

https://www.facebook.com/TechnologyMoonLay

Sunday, February 19, 2017

လူမှုကွန်ယက်ဆိုဒ်တွေမှာ passwords တွေ save လုပ်ထားခဲ့ပြီး
တစ်ချိန်တည်းမှာပဲ သင့်သူငယ်ချင်း၊ ညီအစ်မောင်နှမ သို့မဟုတ်
 ဆွေမျိုးတစ်ယောက်ယောက်က သင့်လက်တော့ပ် ငှားသွားတယ်ဆိုပါစို့။
အဲဒီအခါ သင့် privacy အတွက် Facebook၊ Gmai၊ Quora၊ Instagram
စတာတွေကနေ save လုပ်ထားတဲ့ password ဖြုတ်ဖို့လိုအပ်ပါတယ်။
အဲဒီအခါ သင်ဟာ ကမန်းကတန်း
နဲ့ browser ကနေ history နဲ့ save ထားတဲ့ password တွေအားလုံး
 ဖျက်ပစ်လိုက်တတ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသုံးဝင်တဲ့
 ဒေတာအများစု ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် chrome firefox၊
internet explorer နဲ့ opera စတဲ့ browser ရှိ ဝက်ဘ်ဆိုဒ်တစ်ခု
ခုကနေ save မှတ်ထားတဲ့ password ရှင်းလင်းပေးမယ့် နည်း
လမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။
1. Google Chrome
၁။ Window ရဲ့ ညာဘက်အပေါ်ထောင့်က Menu ကို ဖွင့်။
၂။ Settings ကို သွား။
၃။ စာမျက်နှာရဲ့အောက်ဆုံးက show advanced settings ကို နှိပ်။
၎။ "Passwords and forms" section ထဲက "manage
passwords link" ပေါ်နှိပ်ပြီး။
၅။ "x" icon ကို နှိပ်ပြီး password ကို ဖြုတ်ရပါမယ်။
2. Mozilla Firefox
၁။ Menu bar ထဲက Tools menu ကို ဖွင့်။
၂။ Optionts ကို ရွေး။
၃။ Security tab ကို ဖွင့်။
၎။ Saved logins ကို နှိပ်ပြီး။
၅။ ဆိုဒ်ရွေးပြီး အောက်က remove button ပေါ် နှိပ်ပေးရပါမယ်။
3. Opera
၁။ Tools menu ကို သွား။
၂။ Advanced ကို ရွေး။
၃။ Password Manager ပေါ် နှိပ်ပြီး။
၎။ အဲဒီဆိုဒ်ကနေ save လုပ်ထားတဲ့ password ဖြုတ်ဖို့အတွက်
သတ်မှတ်ထားတဲ့ ဆိုဒ်ကို Delete လုပ်ပါ။
4. Internet Explorer
၁။ ဖြုတ်ချင်တဲ့ဆိုဒ်ကို ဖွင့်။
၂။ Username ကို highlight လုပ်။
၃။ Password ဖျက်ရန် delete ကီး နှိပ်ရပါမယ်။
၎။ Confirmation အကွက်လေးပေါ်လာရင် enter နှိပ်ပေးရပါမယ်။

Ref: alltechbuzz
Credit: trend.com.mm

မူရင်း http://www.swln.info/search?updated-max=2017-01-31T22:14:00-08:00&max-results=18&start=113&by-date=false

Mobile phone မှာဆိုရင်​​တော့
Chromeကိုဖွင့်​ပါ
Menu>>Privacy>>clear browsing dataကိုနိပ်​ပါပြီးရင်
၁။browsing history
၂။cookies and site data
၃။cash image and files
၎။save password
၅။autofill from data
မိမိကြိုက်​ရာselect​ပေးပြီး ဖျက်​နိုင်​ပါသည်​။

#moon_lay

0 comments:

Post a Comment

A call-to-action text Contact us