တချို့တွေမှာ ကိုယ်ပဲကြည့်ဖို့မြင်ဖို့ထားတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ ဖိုင်တွေရှိတတ်တယ်။
ရှိတာကပြသနာမဟုတ်ပါဘူး ...
ကိုယ့် privacy ကိုသူများမမြင်အောင်
သိမ်းရဖွက်ရတာကမှ ပြသနာ ...
သည်တော့ တချို့တွေက ...
Application တွေသုံးကြတယ်....။
Folder lock, Gallery lock, Vault ... စသည်ဖြင့်ပေါ့။
ကောင်းတာလည်းကောင်းပါတယ် ၊
Set up လုပ်ရတာလွယ်တယ် ၊ အချိန်ကုန်သက်သာတယ်။
သို့သော် မကောင်းတဲ့အချက်က ...
Security ပိုင်းအရ အရမ်းအားနည်းတယ်။
သာမန် gallery lock app တစ်ခုဟာ
ဘယ်လောက် pasdword ခံထားပါစေ ...
Setting>apps>app name> clear data ဝင်လုပ်လိုက်ပီဆိုတာနဲ့
ပြုတ်သွားကြတာများပါတယ်။
(Data Encryption မရှိတဲ့ app တွေပါ။)
ပြီးတော့ ... ထပ်ဆိုးတာက ..app icon ကြီးတွေ ...
သည် icon တွေမြင်နေရပီဆိုကတည်းက
သည်ဖုန်းထဲမှာ လျှို့ဝှက်ချက်တွေရှိနေတယ် ဆိုတာ...
ရိုက်စစ်စရာကိုမလိုတော့ဘူး ...
ကိုယ့်ကိုနိုင်မယ့်သူဆိုရင် ...
"ဖွင့်စမ်း သည် app lock ဘာညာ ..."
ပီးရင် သေပီသာမှတ် ...။
ဒါမျိုးမဖြစ်ချင်ဝူးမလား?????
လွယ်ပါတယ် ... ဘာ app မှမလိုဘူး ...။
File Manager ထဲဝင် ၊
ဖျောက်ချင်တဲ့ Folder name ရှေ့မှာ " . " dot လေးတစ်ခုသာခံလိုက်။
ဥပမာ "folder1" ဆို -
" .folder1 "
ဒါပါပဲ ...
ANDROID ဟာ
Linux ပေါ်မှာ အခြေခံထားတာဖြစ်တဲ့တွက်
dot ခံထားတဲ့ folder ကို hide အဖြစ်သတ်မှတ်ပါတယ်။
အထဲက ပုံတွေ ဗီဒီယိုတွေကို လုံးဝ မ scan တဲ့တွက်
Gallery မှာ လာမပေါ်တော့ပါဘူး။
သည်တော့ screen ပေါ်မှာ icon ကြီးပေါ်နေတဲ့ပြသနာကိုလည်း
ရှင်းစရာမလိုတော့ဘူးပေါ့ဗျာ။
ကိုယ်ကြည့်ချင်တဲ့အချိန်မှသာ folder အတိုင်း ပြန်ဝင်ကျိ ၊
သာသာယာယာပဲ ...
iPhone ဆိုရင်တော့ Jailbreak နဲ့
iFile လိုမျိုး လိုပါလိမ့်မယ်။
Android မှာဆိုရင်တော့ default file manager က
Hidden File ကိုမပြတဲ့တဲ့တွက်
ES File Explorer လိုမျိုး Third party file manager app တစ်ခုလောက်ထည့်ထားရင်
အဆင်ပြေပါလိမ့်မယ်။
ES File Explorer မရှိသေးရင် ဒီမှာ သွားယူပါ :)
ဒီမှာပါ >> http://www.myanmarandroidapp.com/search/label/ES%20File%20Explorer <<
Root ရှိစရာမလိုပါဘူး။
ဘာဖိုင်မန်နေဂျာသုံးကြလဲဗျ
ကိုယ်သုံးတဲ့ ဖိုင်မန်နေဂျာမှာ Show Hidden Files ဆိုတာလေးကိုဖွင့်ပေးပါ
ဒါဆိုအဲ့ဒီဖိုင်မန်နေဂျာထဲကိုဝင်ကြည့်ရင်တွေ့နိုင်ပါတယ်။
မှုန်ဝါးဝါးလေးနဲ့ပါ
အဲ့ကနေဖွင့်ကြည့်နိုင်ပါတယ်။
ဒါမှမဟုတ်ကြိုက်တဲ့နေရာကနေရှာတွေ့နိုင်အောင်ပြန်လုပ်ချင်ရင်အဲ့ဖိုင်ကို Rename ပြန်လုပ်ပေးပါ
ဖိုင်နာမည်ရှေ့က Dot(.) ကိုပြန်ဖြုတ်ပေးလိုက်ပါ ;)
****************************************
ကဲ ... ခုဆိုရင်တော့ ..... ညေးတို့ဖုန်းတွေထဲမှာ
ဇာတ်ကားနဲ့ ဓာတ်ပုံတွေကို
မန်မိုရီဆန့်သလောက်ထည့်လို့ရပါပီ .....
ပလုံပလန်????
http://www.myanmarandroidapp.com/2017/03/video.html
Credit > PyaeSone Thura MaungMaung
Posted By Khun Htetz Naing
#LifeHack #MyanmarAndroidApp #Knowledge #KhunHtetzNaing
0 comments:
Post a Comment