:::: MENU ::::

https://www.facebook.com/TechnologyMoonLay

Simple, responsive theme, suitable for personal or corporate blog.

Thursday, March 16, 2017

HUAWEI Firmware တင်​နည်း PDF ဖိုင်​​လေးပါ
Firmware ကိုယ်​တိုင်​တင်​ချင်​သူများအတွက်​အသုံးဝင်​ပါတယ်
ကဲ တင်​ချင်​တဲ့ သူများစာအုပ်​​လေးထဲမှာအ​သေးစိတ်​ရှင်းပြထားတာမို့
Download ချပြီး စိတ်​ကြိုက်​ကလိနိုင်​ပါပြီ
HUAWEI Firmware တင်​နည်း Size 1. 15 M
Credit:orginal uploader


Mi Romတင်​နည်း
ကဲ........ Xiaomi Devices တွေထဲကမှ " MI Phone " တွေက
အခုနောက်ပိုင်း လူကြိုက်များလာတာနဲ့ အမျှ အသုံးပြုသူတွေ ကလိတာပဲဖြစ်ဖြစ်
ကိုယ့်ဘာသာကို ပြုပြင်တာပဲဖြစ်ဖြစ် အခန့် မသင့်ရင် Firmware ပျက်တတ်ပါတယ်
အဲ့လိုပျက်လာတဲ့အခါမှာ တချို့ ဖုန်းတွေမှာတော့ Battery အရှင်ဖြစ်နေတော့ ကိစ္စမရှိပါဘူး
သူနဲ့ သက်ဆိုင်တဲ့ Rom.zip လေးတွေဒေါင်းပြီး SD Card ထဲထည့်ပြီး Recovery mode ကနေ
တင်ယုံပါပဲ Battery အသေဖုန်းတွေမှာ တိုင်ပတ်တာပါပဲ SD Card လည်း စိုက်မရ Zip ဖိုင်ကိုလည်း
ပေးမတင် ဒုက္ခရောက်ကြရော....... ကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့
အဲ့လို Battery အသေဖြစ်ပြီး Internal Storage ပဲပါတဲ့ဖုန်းတွေရေးနည်းလေးပါ
ကျွန်တော်လည်း သူ့ ဆိုက်မှာပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်တာ အဆင်မပြေတော့
လိုက်ရှာ လိုက်လုပ်ရင်းနဲ့ တွေ့ ရှိလာတာပါ အားလုံးကို သိစေချင်လို့ ပြန်လည်
ဝေမျှပေးချင်လို့ ပါ :) :)
ကဲ..... အရင်ဆုံး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Fastboot Firmware လေးတွေကို
ဒီလင့်မှာသွားရောက်ကြည့်ရှု့ ဒေါင်းလိုက်ကြပါဗျာ.....
http://en.miui.com/thread-14641-1-1.html
ပြီးရင် Fastboot ကနေရေးဖို့ အတွက် Tool လေးကို ဒီလင့်မှာဒေါင်းပါ
ပြီးရင် Flashing Tool ကိုသွင်းပါ ဒီလိုကောင်လေးကိုဖွင့်ပါ ..
Basic error
အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်များ (For Beginner)
ပထမဦးဆုံးပြောလိုတာကတော့ မိမိထင်ရာတွေသာရေးထားတာဖြစ်လို့ အမှားတွေပါနိုင်ပါတယ် ပြီးတော့ ခုမှစတင်မယ့်သူတွေအတွက်သာဖြစ်ပြီး ဆရာသမားတွေအတွက်ရယ်စရာလေးတွေသက်သက်ဖြစ်ပါတယ်
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ကိုင်တွယ်မှုတွေကို မကြာခန လေ့ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာ အခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။
hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/chaning CPU,Power IC & Jumper
စသဖြင့်လေ့လာထားသင့်ပါတယ်။ ဒီapplication မှာ တစ်ခုချင်းစီရှင်းပြမယပို့စ် မဟုတ်ဘဲ မိမိအတွေ့အကြုံအရ အဖြစ်များတဲ့ hardware error တွေနဲ့ ဖြေရှင်းနည်းတွေကို အကျဉ်းချုပ် note သဘောရေးသားတင်ပြမှာဖြစ်ပါတယ်။ မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာ အသုံးဝင်မှာဖြစ်ကြောင်း အာမခံပါတယ်။
၁။ အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ်ကပ်ပြီး အပူ 300ံနဲ့လေအဆုံးထိတင်ကာ ပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင် ဆွဲမခြင်း မပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။
ထို့နောက် တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက် အပေါက်ကလေးများကို ခဲဂေါက် ခဲစုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်းအသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာအပူပေးပါ။မစိလျှင်အားမ၀င်ပါ။အားလုံးတပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်းအသစ်ခြေထောက်ကလေးများကို ခဲလိုက်ပေးလိုက်ပါ။
၂။ ဘက်ထရီမကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေးလိုက်ပါ။
၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ်နဲ့အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအားစစ်ပါ။ဆော့ကက်ငုတ်ကလေးများကောင်းမကောင်းစစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာ မိ မမိ စစ်ပါ။
၎။ ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။
၅။ Touch လဲလျှင် အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာ အဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများအားသေချာစွာပြန်သုတ်ပေးပါ။ သံဇကာပေါက်ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။
၆။ ပါဝါမလာသောဖုန်းများလင်အပ်လျှင် အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင် ခလုတ်အား တစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ ပါဝါလာသောဖုန်းသည် ခလုတ်ကြောင့်သာဖြစ်သည်။
၇။ earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင် သံဇကာပေါက်အ၀တ်စလေးများအားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။
၈။ ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ဘက်ထရီကို ရှော့ရိုက်လိုက်ပါ။
၉။ အထိုင်socket နဲ့တွဲပါလာသော Sim Card နှင့် Momory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက်အထိုင်တို့အား ဆေးပါ။။မကောင်းမှအသစ်လဲပါ။
၁၀။ ဆင်းဒ်ကဒ်မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့နိမ့်နေလျှင် အပေါ်သို့မတင်ပေးပါ။တင်နာဖြင့်ဆေးပါ။
၁၁။ ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲ ဟော့ဂမ်းဖြင့်ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည် ။ မွဲကိန်းဆိုဒ်လာမည်။
၁၂။ Mic,Earpiece,Speaker များအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာhardware စစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့် တိုးနေခြင်းလည်းဖြစ်တတ်သည်။
၁၃။ လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့်ဆက်ကြည်ပါ။တင်ငုတ် နှစ်ငုတ်...
၁၄။ ဟော့ဂမ်း ခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။
၁၅။ ပါဝါမလာသောဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန်စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကိုဆေးပါ။ ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။
၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။
၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။
၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။
၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင်စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။
၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေးပါ။မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။
၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။
၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။
၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။
၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအားညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။
၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက်လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။
၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်းသာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော်သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။
၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြားအား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာရမည်။
၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။
၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။
၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။
၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန်တပ်ပေးပါ။
ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ
၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန်မကျပါကမကောင်းပါ--X1 X10 X100
၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100
၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100
၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း
၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။
====================================
===============
www.m.baidu.com
===============
www.sammobile.com
=================
www.emui.huawei.com
===================
=============================
http://syh.cc/service.php
=========================
www.ilovfa.com
==============
===========================
http://www.4shared.com
======================
d-h.st
======
=========================
Firmware File တော်တော်များရှိပါတယ်။
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
====================================
✶✶ညောင်းဝိုင်းသား🅩🅜🅖✶✶
Online ပေါ်မှာ Firmware အလွယ်ကူဆုံးရှာဖွေနည်း
====================================
ကျွန်တော် Free Share တယ်ဆိုတာလဲ ကြိုးစားချင်စိတ်ရှိအောင်
လဲကျနေသူတွေကိုပြန်ထနိုင်အောင်ကူညီယုံပါပဲ မည်သည့်မျှော်လင့်ချက်မှမရှိပါဘူး ဘာရည်ရွယ်ချက်မှမရှိဘူး
Online ပေါ်မှာ Firmware ရှာဖွေတဲ့အခါ တော်တော်များများက
www.google.com မှာပဲရှာလေ့ရှိတယ် အဲ့ဒီမှာမရှိရင်မရှိတော့ဘူးလို့ပဲထင်နေကြတယ်
တကယ်တော့ www.google.com ဆိုတာ Search website တစ်ခုပါပဲ
တစ်ခြား Search website တွေအများကြီးရှိပါသးတယ်ဗျ ကဲရှာကြည့်ပါ
အောက်ကပေးထားတဲ့လင့်တွေမှာ မိမိတို့ လိုအပ်တဲ့ Firmware ရှာကြမယ်
===============
www.m.baidu.com
===============
Clone Firmware တွေတော်တော်များများရှိတယ်ဗျ
www.sammobile.com
=================
Samsung Official ဆိုဒ်လေးပါ
www.emui.huawei.com
===================
Huawei Official ဆိုဒ်ပါ
http://en.miui.com/a-234.html
=============================
Xiaomi Latest Firmware ဆိုဒ်ပါ
http://syh.cc/service.php
=========================
SYH Firmware Official ဆိုဒ်ပါ
www.ilovfa.com
==============
Ilovfa Firmware နဲ့ Hisense Firmware Official
http://www.shuajiziyuan.com
===========================
Clone Firmware တော်တော်များများရှိတယ်
http://www.4shared.com
======================
Firmware File အစုံအလင်ရှိပါတယ
d-h.st
======
ဒီမှာလဲတော်တော်စုံတယ်နော် Free နဲတယ်
http://firmware.gem-flash.com
=========================
Firmware File တော်တေယ်များရှိပါတယ်။
http://www.shuajibang.net/rom
====================================
http://www.shuajibang.net/rom/472/ vivo
====================================
http://www.shuajibang.net/rom/1 huawei
====================================
http://www.shuajibang.net/rom/2 samsung
====================================
http://www.shuajibang.net/rom/3 mi
====================================
http://www.shuajibang.net/rom/4 lenovo
====================================
http://www.shuajibang.net/rom/474 oppo
====================================
http://www.shuajibang.net/rom/11 zte
====================================
http://www.shuajibang.net/rom/12 gionee
====================================
http://www.shuajibang.net/rom/5 coolpad
====================================
http://www.shuajibang.net/rom/55 haier
====================================
http://www.shuajibang.net/rom/13 tcl
====================================
http://www.shuajibang.net/rom/241 gfive
====================================
http://www.shuajibang.net/rom/15 hisense
====================================
http://www.shuajibang.net/rom/52 thl
====================================
http://www.shuajibang.net/rom/39 zopo
====================================
http://www.shuajibang.net/rom/67 uimi
====================================
အားလုံးအဆင်ပြေကြပါစေ။
✶✶ညောင်းဝိုင်းသား🅩🅜🅖✶✶
Credit: original uploader
A call-to-action text Contact us